Disclaimer

HIV/TB Agency, Information, and Services Activity (HIV/TB AIS) စီမံချက်၏ သင်ကြားရေး အင်တာနက်စာမျက်နှာ အပေါ် ရှင်းလင်းချက်။

ဤ AISlearningplatform.org ဝဘ်ဆိုတ် ရှိ (ကျန်းမာရေးနှင့်ပတ်သက်သော) အကြောင်းအရာ အားလုံး သည် ဖတ်ရှုအသုံးပြုသူများအတွက် အကျိုးရှိစေလိုသော ရည်ရွယ်ချက် ဖြင့်သာ တင်ပြထားခြင်း ဖြစ်သည်။ ဤ ဝဘ်ဆိုတ် တွင် ဖော်ပြထားသော အချက်အလက်များတွင် လိုအပ်ချက်များ ရှိနိုင်ပါသည်။ ထို့ကြောင့် အသုံးပြုသူ အနေဖြင့် ဤ ဝဘ်ဆိုတ် ဖော်ပြထားသည့် အကြောင်းအရာများ ၏ ကန့်သတ်ချက် ကို သိရှိနားလည်ပြီး မိမိ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်‌သာ လေ့လာသင်ယူခြင်း ဖြစ်ပါသည်။

ဤ ဝဘ်ဆိုတ် မှတစ်ဆင့် ရည်ညွှန်းဖော်ပြထားသော အခြား ပြင်ပ ဝဘ်ဆိုတ် များသို့လည်း ဆက်လက် ဝင်ရောက်လေ့လာနိုင်ပါသည်။ သို့သော် အသုံးဝင်နိုင်သည့် ဝဘ်ဆိုတ်များကို ကျင့်ဝတ်နှင့်အညီ AIS မှ မျှဝေထားခြင်းသာ ဖြစ်ပြီး ထို ဆက်စပ် ဝဘ်ဆိုတ်များကို ဆက်လက်ကြည့်ရှုခြင်းသည် မိမိဆန္ဒ အလျောက်သာ ဖြစ်ပါသည်။ ထို ဝဘ်ဆိုတ်များတွင် ဖော်ပြသော အကြောင်းအရာများသည်လည်း အချိန်ကာလ အလျောက် ပြောင်းလဲနိုင်ပါသည်။ ဤ ဝဘ်ဆိုတ် တွင် သင်ကြားရေးအတွက် အသုံးပြုထားသည့် အချို့သော အချက်အလက်များသည် AIS ၏ မူလ ပိုင်ဆိုင်မှု မဟုတ်ပါ။ မူရင်းအကြောင်းအရာများကိုလည်း အသုံးပြုသူသွားရောက် ရှာဖွေ ဖတ်ရှု နိုင်ရန် စနစ်တကျ ရည်ညွှန်းထားပါသည်။

အခြားဝဘ်ဆိုတ်များ၌ သက်ဆိုင်ရာ ကိုယ်ရေး အချက်အလက်ဆိုင်ရာ မူဝါဒ၊ စည်းမျဥ်း၊ စည်းကမ်းများ ရှိနိုင်ပါသဖြင့် ၄င်း အချက်အလက် စည်းမျဥ်းများကို ဦးစွာ စစ်ဆေးပြီးမှ အကြောင်းအရာ များကို အသုံးပြုခြင်း၊ သတင်းအချက်အလက် တင်ခြင်း ပြုလုပ်ရန် လိုအပ်ပါသည်။

ခွင့်ပြုချက်ရယူခြင်း။
ဤ ဝဘ်ဆိုက်ကို အသုံးပြုသူသည် အထက် ဖော်ပြပါ စည်းမျဥ်း၊ စည်းကမ်းများ ကို သိရှိနားလည်ပြီး သဘောတူပါသည်။