2020 27 Apr 2023
Download this article in PDF formatအနက်အဓိပ္ပါယ်များ (Definition)
သတ်မှတ်တီဘီလူနာ (Index Patient)
ကနဦးရောဂါရှာဖွေတွေ့ရှိသော တီဘီလူနာအသစ် (သို့မဟုတ်) ပြန်လည်ကုသရမည့် တီဘီလူနာကို သတ်မှတ် တီဘီလူနာ (Index Patient) ဟုခေါ်ပါသည်။ ၄င်းတီဘီလူနာသည် အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သူ၏မိသားစုအတွင်း (သို့မဟုတ်) လူအများနေထိုင် လုပ်ကိုင်သည့်နေရာတွင် နေထိုင်လုပ်ကိုင်ပြီး ယင်းနေရာရှိ အခြားအတူနေသူများနှင့် ထိတွေ့နေနိုင်သူဖြစ်သည်။ ၄င်းသတ်မှတ်တီဘီလူနာကို အခြေပြု၍ ၄င်းနှင့်အတူနေသူများအား ကျန်းမာရေး စစ်ဆေးခြင်းကို လုပ်ဆောင်ပါသည်။ ၄င်းသတ်မှတ် တီဘီလူနာသည် ပုံမှန်အားခြင့် ကနဦး တွေ့ရှိသော လူနာဖြစ်ပြီး အခြားသူများသို့ အမြဲတမ်းရောဂါ ကူးစက်စေနိုင်မည့်သူ မဟုတ်ပါ။ ဥပမာ – အသက် ၅ နှစ်အောက် သတ်မှတ် ကလေးတီဘီလူနာများမှ အခြားသူများသို့ ရောဂါမကူးစက်နိုင်ပါ။
အတူနေမိသားစုဝင်များ (Household Contact)
သတ်မှတ်တီဘီလူနာဆေးကုသမှူ မခံယူမီ (၃) လအတွင်း ၄င်းနှင့်အတူ တစ်မိုးအောက်၌ တစ်ညနှင့်အထက် (သို့မဟုတ်) နေ့ခင်းဘက်များတွင် မကြာခဏ အတူနေကြသည့် မိသားစုဝင်များကို အတူနေမိသားစုဝင်များ (Household Contact) ဟုတ် ခေါ်ပါသည်။
အတူနေလုပ်ဖေါ်ကိုင်ဖက်များ (Close Contact)
သတ်မှတ်တီဘီလူနာဆေးကုသမှု မခံယူမီ (၃) လအတွင်း ၄င်းနှင့်အတူ လူမှုရေးအဖွဲ့အစည်းများ ဆုံစည်းရာနေရာ၊ အလုပ်အကိုင်ဌာန/လုပ်ငန်းခွင် (သို့မဟုတ်) လူအများစုဝေးနေရာတို့တွင် တပါတ်လျှင် (၈) နာရီထက်ပို၍ အတူရှိနေသည့် အခြားလုပ်ဖေါ်ကိုင်ဖက်များကို အတူနေလုပ်ဖေါ်ကိုင်ဖက်များ (Close Contact) ဟု ခေါ်ပါသည်။
အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်း (Contact Investigation)
အတူနေသူများအား ကျန်းမာရေးစနစ်တကျ စစ်ဆေးခြင်းသည် (၁) အတူနေသူများထဲမှ တီဘီရောဂါ စောလျင်စွာ ရှာဖွေါ်ထုတ်နိုင်ရန် (၂) တီဘီရောဂါမတွေ့ရှိပါက အိုင်ဆိုနာယာဇစ်ဆေး (Isoniazid) ဖြင့် ကာကွယ်ကုသမှု ပေးသင့်သူများကို ရှာဖွေရန်တို့ ဖြစ်ပါသည်။