ကျန်းမာရေးဝန်ထမ်းများအတွက် တီဘီရောဂါတိုင်ဖျက်ရေး လက်ဆွဲစာအုပ်

HIV/TB Resource 26 Apr 2023

Download this article in PDF format

မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုအခြေအနေ

မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် နှစ်စဥ်တီဘီရောဂါ ဝေဒနာရှင် (၁၉၀,၀၀၀) ကျော်ခန့်ရှိပြီး ၄င်းတို့အထဲမှ (၆၀,၀၀၀) ခန့်မှာ ပြည်သူလူထုအတွင်း ကူးစက်မှုအများဆုံးပေးနိုင်သော သလိပ်ပိုးတွေ့ အဆုတ်တီဘီလူနာများ ဖြစ်သည်။



၂၀၁၁ ခုနှစ် ဆေးရုံမှတ်တမ်းအစီရင်ခံစာအရ တီဘီရောဂါသည် သေဆုံးစေသည့် ရောဂါများ အနက် ဆဌမအများဆုံး နေရာတွင်ရှိပြီး အဖြစ်အများဆုံး ရောဂါများအနက် သတ္တမနေရာတွင် ရှိနေပါသည်။ (Source: 2011 Annual Hospital Statistic Report, Dept. Health Planning) ၂၀၁၇ ခုနှစ်တွင် Mortality အဆင့်(၁၀)နှင့် ရောဂါြဖစ်ပွားမှု Morbidity အဆင့် (၁၅) ဖြစ်သည်။ (MOHS Webpage)



မြန်မာနိုင်ငံ စတုတ္ထအကြိမ် တီဘီစစ်တမ်း (၂၀၁၇-၂၀၁၈) အရ မြန်မာနိုင်ငံ တီဘီရောဂါ အသစ်ဖြစ်ပွားနှုန်းမှာ တစ်နိုင်ငံလုံး ၃၃၈/၁၀၀,၀၀၀ လူဦးရေ၊ ပြည်နယ် ၂၈၂/၁၀၀,၀၀၀၊ တိုင်းဒေသကြီး ၃၃၀/၁၀၀,၀၀၀ နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၅၀၆/၁၀၀,၀၀၀ ရှိကြောင်းတွေ့ရှိ ရပါသည်။ Global TB Report (2019) အရ မြန်မာနိုင်ငံ၏ ၂၀၁၈ TB Incidence Rate မှာ ၃၃၉/၁၀၀,၀၀၀ ဖြစ်ပြီး တီဘီသေဆုံးနှုန်းမှာ ၃၉/၁၀၀,၀၀၀ လူဦးရေ ဖြစ်ပါသည်။



လက်ရှိအခြေအနေတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကီန်းသည် တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး အကောင်းအထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ (၂၀၁၈) ခုနှစ် စာရင်းဇယားများအရ စုစုပေါင်း တီဘီရောဂါ ဝေဒနာရှင် (၁၄၀,၀၀၀) ဦးခန့်ကို ရှာဖွေဖေါ်ထုတ်ပြီး ကုသမှုပေးနိုင်ခဲ့ပါသည်။